Friday, November 26, 2010

. .

ဘ၀အစ - အပိုင်း(၆)

အောင်နိုင်သူတို့တွေ သွားစားတဲ့ ဆိုင်က ၂၄ နာရီဖွင့်တဲ့ဆိုင်ပါ။ထမင်းဆိုင်ရောက်တော့ ကိုအောင်မိုးအေးက သူဌေးပေးထားတဲ့ ပိုက်ဆံထဲက ပိုက်ဆံနဲံ သူ့ဖုန်းထဲကို ဖုန်းကတ်ဝယ်ထည့်ပြီး အောင်နိုင်သူတို့ ၄ ယောက်ကို တစ်ယောက်တစ်လှည့်စီ ကိုယ့်အိမ်ကိုယ် ဖုန်းဆက်စကားပြောခွင့်ပြုပါတယ်။၎ ယောက်စလုံးအိမ်နဲ့ စကားပြော
ခွင့်ရတဲ့အတွက် ၀မ်းသာနေကြပါတယ်။စကားပြောပြီးတာနဲ့ ထမင်းအတူတူစစားကြပါတော့တယ်။ တညနေလုံးဘာမှ မစားရသေးတဲ့ ကျေးဇူးရှင် ၄ယောက်စားလိုက်တာ စားပွဲခုံပေါ်မှာ ပုဂံတွေအထပ်လိုက်ပါပဲ။သူတို့တွေနဲ့ အတူထိုင်ပြီးအပြိုင်စားတာကတော့ ကိုအောင်မိုးအေးပါပဲ။သူထမင်း
ဘယ်လောက်စားနိုင်လဲဆိုတာ နည်းနည်းပြောပြရတာပေါ့။မြန်မာပြည်မှာ ဟိုတယ်သင်တန်းတက်တော့ အောင်နိုင်သူနဲ့ ကိုအောင်မိုးအေးတို့က အမှတ်စဉ်အတူတူ တစ်ဖွဲ့ထဲပါ။သူတို့အဖွဲ့မှာ သင်တန်းသူ၊သင်တန်းသား ၂၅ယောက်လောက်ရှိပါတယ်။အဲ့ဒီ၂၅ယောက်မှာ ထမင်းအစားနိုင်ဆုံးကတော့ ကိုအောင်မိုးအေးပါ။နေ့တိုင်း ထမင်းစားလွန်းအားကြီးလို့ နောက်ဆုံး သူကို သင်တန်းကလူတွေတင်မကဘူး၊ဟိုတယ်ကလူတွေပါ မတိုင်ပင်ကြ
ရပဲ တူညီတဲ့ဘွဲ့နာမည်လေးတစ်ခုပေးလိုက်ကြပါတော့တယ်။ ဘွဲ့နာမည်ကတော့ "' လိုက်ပွဲ""တဲ့။အဲဒီအချိန်က စပြီး ဟိုတယ်တစ်ခုလုံးက သူ့ကို နာမည်အရင်းမခေါ်တော့ဘဲ လိုက်ပွဲ လိုပဲခေါ်ကြပါတော့တယ်။အခုလည်း သူရဲ့ဘွဲကို ဆက်ပြီးထိန်းထားသလားအောင်မေ့ရတယ်။စားချက်ကတော့ ကြောက်ခမန်းလိလိပဲ။ ဖုတ်ဝင်ထားတဲ့
သူတို့၅ ယောက်စားတာကိုကြည့်ပြီး အဲဒီဆိုင်က စားပွဲထိုးတွေ ပါးစပ်အဟောင်းသားဖြစ်နေကြပါတော့တယ်။

No comments:

Post a Comment