Thursday, November 18, 2010

. .

မြန်မာအလုပ်သမားများအားမတရားအမှုဆင်၍ ရဲ၊လူမိုက်များနှင့်ဖမ်းခိုင်းသောအမှု နောက်ဆက်တွဲသတင်း


ပြသာနာမရှိ အေးချမ်းစွာဖွင့်ထားသော မြန်မာဆိုင်အတွင်းပိုင်းမြင်ရပုံ။(ဓာတ်ပုံ-အောင်နိုင်သူ)


လာရောက်စားသောက်သူများနှင့် အေးချမ်းနေသော မြန်မာဆိုင်လေး။(ဓာတ်ပုံ-အောင်နိုင်သူ)


အေးချမ်းတိတ်ဆိတ်စွာဖြင့်ဖွင့်လှစ်လျက်။(ဓာတ်ပုံ-အောင်နိုင်သူ)



အလုပ်သမားတန်ဖိုး နားမလည်၊အလုပ်သမားလူတန်းစားများကို ကျွန်သဖွယ်ဆက်ဆံခဲ့သော မကောင်းသောသူဌေး၏နောက်ဆုံးရလဒ်သည်က ဆိုင်ပိတ်လိုက်ရခြင်းပင်ဖြစ်တော့သည်။ (ဓာတ်ပုံ-အောင်နိုင်သူ)


ကျွမ်းကျင်လုပ်သားမရှိတော့ ဆိုင်ကိုဆက်လက်မဖွင့်နိုင်တော့ပုံ။(ဓာတ်ပုံ-အောင်နိုင်သူ)


*****နောက်ဆက်တွဲသတင်း.......ယနေ့ ၁၈-၁၁-၂၀၁၀ ရက်နေ့ တွင် ထိုတရုတ်ဆိုင်သည်ယာယီခေါ်ထားသော အင်ဒိုနီးရှားအလုပ်သမားများ၏ အကူအညီနှင့် နံနက်ပိုင်းသာဖွင့်လှစ်နိုင်ပြီး နေ့လည်ပိုင်းမှစ၍ ပိတ်ထားကြောင်း၊ထိုအတူမြန်မာဆိုင်သည်လည်း နံနက်ပိုင်းတွင်တံခါးဖွင့်၍ ဆိုင်ဖွင့်ထားသော်လည်း၊နေ့လယ် မှစတင်ပြီး ဆိုင်ဖွင့်ပြီးအ၀င်တံခါးကိုမဖွင့်ဘဲ စေ့ထားကြောင်းသိရပါသည်။ထွက်ပြေးတိမ်းရှောင်နေသော မြန်မာများမှ ၂ယောက်မှာ ညတွင်းချင်း တခြားဒေသသို့အ၀တ်တစ်ထည်ကိုယ်တစ်ခုစီနှင့် ထွက်ပြေးတိမ်းရှောင်
သွား၍ အခြားမြန်မာအလုပ်သမားများမှာ သင့်တော်ရာနေရာများတွင် ပုန်းအောင်းလျက်ရှိ ကြောင်းသိရပါသည်။၎င်းတို့နေထိုင်ခဲ့သော အဆောင်ကို လွန်ခဲ့သည့် ၁နာရီလောက်က တရုတ်လူမျိုး၂ယောက်နှင့် ကုလားလူမိုက်ခေါင်းဆောင်တစ်ယောက်တို့လာရောက်ကြည့်ခဲ့ကြပြီး ဘေးအခန်းတွင်နေထိုင်ကြသော မြန်မာအလုပ်သမားများကိုလည်း ထွက်ပြေးသွားသူများ ပြန်လာခဲ့လျင် အကြောင်းကြားရန် မှာသွားသည်ဟုသိရပါသည်။ထိုလူများထွက်သွားပြီးမကြာမီ အဆောင်ပိုင်ရှင်သူဌေး ကိုရီးယားလူမျိုးမှ အဆောင်ကိုလာရောက်ကြည့်ရှုပြီး မည်သည့်လူစိမ်းကိုမှ တံခါးမဖွင့်ပေးရန် ပြောပြီးပြန်သွားပါသည်။******

No comments:

Post a Comment