Friday, November 12, 2010

. .

မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်းထမ်းများ အောက်စီဂျင်ပြတ်သေဆုံးမှု

(၀န်ခံချက်။ ။ဧဒင်ဥယျာဉ်မှ ကူးယူဖော်ပြပါသည်။)




ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ။ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ ) မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ် ၊ ဦးစောနိုင် (၃၆)နှစ် ၊ ဦးဆန်းလင်း (၃၅)နှစ် ၊ ဦးအောင်ရွှေ
(၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်
မြေအောက် (၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကိုဆင်းဖွင့်စဉ် တစ်ဦးတက်မလာ
သဖြင့်နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး တပြိုင်နက်
သေဆုံးသွားကြပါတယ် ။ အဆိပ်ငွေ့မိခြင်း (သို့) အောက်စီဂျင်ပြတ်လပ်ပြီး
သေဆုံးကြခြင်းဖြစ်သော် လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှ
မထုတ်ပြန်ခဲ့ပါဘူး ။



သေဆုံးသူဝန်ထမ်း (၄)ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရေဝေးသုသာန် မှာ မီးသင်္ဂြိုလ် ခဲ့ပါတယ် ။ သရဏဂုဏ် တင်သည့်ခန်းမတွင် တစ်ခန်းလျှင် တစ်ဦးစီ စီ ထားရမည်ဖြစ်သော်လည်း ခန်းမတစ်ခုထဲတွင် ၄ ဦးလုံးကို စုပြုံထားပြီး
သဂြိုလ်ခဲ့သည့် အတွက် ကျန်ရစ်သူမိသားစု ၀င်များ မကြေမနပ်ဖြစ်ခဲ့ကြရပါသည် ။
ဒါ့အပြင် ဌာနဆိုင်ရာ အသက်ဆုံးရှုံးမှု လျှော်ကြေး ကိုလည်းပေးလျှော်
ခြင်းမရှိသေးသည့် အတွက် တာဝန်ရှိသူ မြို့တော်ဝန် ဦးအောင်သိန်းလင်းအား
ကျန်ရစ်သူမိသားစုများအပြင် ဘ၀တူ ၀န်ထမ်းများ ကပါမကြေမနပ်ဖြစ်နေကြပါတယ်လို့
သိရပါတယ်ခင်ဗျ

No comments:

Post a Comment