၁၀-၁၁-၂၀၁၀
ကိုရွှေရန်အေး အကြောင်းကို အောင်နိုင်သူ ၁၇-၁၀-၂၀၁၀ရက်နေ့မှာ ရေးသားခဲ့တာ မှတ်မိကြမှာပါ။
ကိုရွှေရန်အေး အတွက် စိတ်ချရသော အေးဂျင့်ကနေတဆင့် ပါမစ်သက်တမ်းတိုးပေးလိုက်တာ ၂၈-၁၀-၂၀၁၀
နေ့မှာသူရဲ့ပါမစ်အသစ်ကို ရရှိခဲ့ပါတယ်။၂၉-၁၀-၂၀၁၀ မှာသူ့အတွက် အေးဂျင့်ကိုအကူအညီတောင်းပြီး
ဘဏ်၌အကောင့်သစ်တစ်ခုဖွင့်ပေးလိုက်ပြီး ရင်းဂစ် ၇၇၃၆ တိတိကို သူ့ရဲ့ဘဏ်စာရင်းအကောင့်အသစ်ထဲကို
ထည့်ပေးလိုက်ပါတယ်။၂-၁၁-၂၀၁၀ နေ့မှာတော့ သူမျှော်လင့်နေတဲ့ ရင်းဂစ် ၇၇၃၆ ဟာ သူရဲ့ကိုယ်ပိုင်ငွေ
အဖြစ်လုံးဝရရှိသွားခဲ့ပါတယ်။ပိုက်ဆံလက်ဝယ်သို့ ရောက်ရှိသွားသောအခါ ကိုရွှေရန်အေး၏
ဝမ်းသာကြည်နူးနေပုံမှာ ဘာနှင့်မျှနှိုင်းယှဉ်ပြစရာမရှိလောက်အောင်ဖြစ်သွားခဲ့သည်။သူကိုယ်၌လည်း ပြန်လည်ပြောကြားသည်မှာ အိမ်မက်မက်နေသလိုခံစားရကြောင်း၊ထိုငွေများသည် သူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးသွားမှုကြောင့် ရရှိလာသောငွေဖြစ်၍ ၀မ်းနည်း၊၀မ်းသာ ဖြစ်မိကြောင်းပြောခဲ့ပါတယ်။
အခုလတ်တလောမှာ မြန်မာပြည်၌ ကျန်ခဲ့သော ဇနီးဖြစ်သူအား ခေါ်ချင်သည်ဆို၍ အောင်နိုင်သူမှ စိတ်ချယုံကြည်ရသော အေးဂျင့်နှင့် ဆက်သွယ်ပေး၍ ၎င်း၏ဇနီးအားခေါ်ဆောင်နိုင်ရန်ဆက်၍ ကူညီလျက်ရှိပါသည်။
No comments:
Post a Comment