Thursday, September 30, 2010

. .

အရွယ်တင်နုပျိုနည်း ၅ နည်း




(လူတိုင်းအရွယ်တင်နုပျိုတာကိုကြိုက်တယ်ဆိုတာ ငြင်းမရပါဘူး။အောင်နိုင်သူလည်းအတူတူပါပဲ။အဲ့ဒီတော့ ကိုယ်လိုလူမျိုးတွေအတွက် ဇီဝကစီကနေကူးပြီး ဖော်ပြပေးလိုက်ပါတယ်)သင်အရွယ်တင်နုပျို လိုပါသလား။ နုပျိုလိုတယ်ဆိုရင် ပိုက်ဆံတပြားမှ မကုန်တဲ့ နည်းလေး ၅ ခု ရှိတယ်။





လေ့ကျင့်ခန်းလုပ်ပါ - လေ့ကျင့်ခန်းသည် အရွယ်တင်နုပျိုခြင်း၏ လျို့ဝှက်ချက် ဖြစ်ပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်လက်ပြောပြမည်။ အ၀တ်အစားနှင့် ဖက်ရှင် catalog များ မဂ္ဂဇင်းများတွင် လှပပြီး ကိုယ်လုံပြေပြစ်သည့် အမျိုးသမီးများ၏ ဓာတ်ပုံများ ပါတတ်ပါသည်။ သူတို့ ကိုယ်လုံးတွေဟာ လေ့ကျင့်ထားလို့ရတာ။ ငါလည်း လေ့ကျင့်ရင်ရမှာပဲလို့ စိတ်သွင်းကာ လေ့ကျင့်ခန်း လုပ်သင့်သည်။



အိပ်ခြင်း - အိပ်ခြင်းအတွက် အခကြေးငွေ ပေးစရာမလိုပေ။ ထိုအရာကို အကျိုးရှိရှိ အသုံးချသင့်သည်။ ကိုယ်ခန္ဓာသည် အိပ်ပျော်နေပါက ကျွန်တော်တို့ကို နုပျိုစေသော ဟော်မုန်းများ ထုတ်လွှတ်ပါသည်။ ဟော်မုန်းတွေကို အလကားရနေမှတော့ ပိုက်ဆံပေးပြီး သွေးဆေးတွေ ဟော်မုန်းဆေးတွေ ဘာလို့ ၀ယ်နေတော့မှာလဲ။





ရေများများသောက်ပါ - ရေသည် ကိုယ်ခန္ဓာမှာ အဆိပ်အတောက်များကို စွန့်ပစ်ပေးသည်။







များများရယ်ပါ - ပျော်ရွှင်ပြီး ရယ်မောတတ်သူများသည် အရယ်နည်းသူများထက် နှလုံးရောဂါ အဖြစ်နည်းသည်ကို တွေ့ရပါသည်။




တရားထိုင်ပါ - သတိကပ်ပြီး တရားထိုင်ခြင်းသည် ကိုယ်ခန္ဓာကို သွေးလည်ပတ်မှုကောင်းစေပြီး သက်ရှည်ကျန်းမာစေသည်။

No comments:

Post a Comment