Friday, September 3, 2010

. .

ဘ၀အစ - အပိုင်း(၂)

လေယာဉ်ဆိုက်ရောက်သည့် ၀င်ပေါက် C block သို့ ရောက်ရှိသည့်အခါ အောင်နိုင်သူတို့တွေ မျက်စိသူငယ်၊နားသူငယ်နှင့် hall ခန်းကြီးအတွင်း၌ တ၀ဲလည်လည်ဖြစ်နေကြသည်။အရင်ဆုံး ကိုထော်နှင့်အောင်နိုင်သူက သန့်ရှင်းရေး အလုပ်သမားတစ်ယောက်ကို ထွက်ပေါက် ဘယ်နားမှာလဲဟု မေးရတော့သည်။ထိုလူ လမ်းညွှန်သည့်အတိုင်း မြေအောက်ရထားအဆုံးထိစီးသွားရာ ၄မိနစ်အကြာတွင် လ၀က ဂိတ်အတွင်းနားသို့ ရောက်ရှိလာကြသည်။မကြာခင်အောင်နိုင်သူတို့အနားသို့ တရုတ်လူမျိုး ၂ယောက် ရောက်လာ၍ အမည်များကိုလာမေးမှ သူတို့အားလာကြိုသော သူဌေး နှင့် အေးဂျင် ဆိုတာသိကြသည်။အရင်ဆုံးသူဌေးက အာလုံးကိုနှုတ်ဆက်၍ မျိုးမျိုးနှင့်ဖိုးတုတ် ကိုစကားတွေပြောနေသည်။ကိုထော်က အေးဂျင့်နှင့်စကားပြော၍ အောင်နိုင်သူကတော့ သူတို့တွေကို ငေးကြည့်နေသည်။အောင်နိုင်သူ စိတ်ထဲပျော်ရွှင်နေမိတာတော့အမှန်ပင်။ဘာကြောင့်လဲဆို သူဌေး နှင့် အေးဂျင့်က သဘောကောင်း၍ဖြစ်ပါသည်။အေးဂျင့်မှ လိုအပ်သည့်စာရွက်စာတမ်းများကို ပြုလုပ်၍ လူဝင်မှုကြီးကြပ်ရေးဌာနသို့ခေါ်ဆောင်သွားပါသည်။ထိုနေ့မှာ မလေးရှားနိုင်ငံ၏ အားလပ်ရက်နှင့်တိုက်ဆိုင်မှုကြောင့် လ၀က ၀န်ထမ်းနည်း၍ ခရီးသည်များက များပြားနေပါသည်။ မလေးရှားတွင်လာရောက် အလုပ်လုပ်ကိုင်သည်လူများအား နေရာသီးသန့်သတ်မှတ်၍ တခြားကမ္ဘာလှ့ည်ခရီးသွားများနေရာနှင့်ခွဲထားပါသည်။အဲဒီနေရာရောက်လို့ကြည့်လိုက်တော့ ကောင်တာ ၄ ခုလောက်အရှေ့တွင် ရပ်စောင့်နေသော လူတန်းရှည်ကြီးများကို မြင်ရလေသည်။အောင်နိုင်သူတို့ ၄ ယောက်လည်း အေးဂျင့်ခေါ်ရာလိုက်သွား၍ ဒုတိယမြောက်လူတန်းအနောက်တွင်ဝင်ရောက်တန်းစီရပါသည်။နိုင်ငံပေါင်းစုံမှ မလေးရှာသို့လာရောက်အလုပ်လုပ်ကိုင်မည့်လူများကို ထိုတနေရာတည်း၌ စုံညီစွာမြင်ရပါသည်။အောင်နိုင်သူတို့ မလေးရှာသို့ဆိုက်ရောက်သည့်အချိန်မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်တွင်ဖြစ်ပါသည်။ သူတို့လက်ထဲတွင်ပတ်ထားသောနာရီများမှာ မြန်မာစံတော်ချိန် ၂း၃၀ ဖြစ်နေ၍ ပြန်ပြင်ရသေးသည်။သူတို့ ၄ ယောက်၏စိတ်ထဲ၌ နေရာဒေသ သစ်ကိုရောက်ရှိလာ၍ လူငယ်များပီပီ လူသစ်စိတ်သစ်နှင့် တက်ကြွလျက်ရှိသည်။သို့သော်သူတို့အတွက်ရောက်ရောက်ခြင်း စောက်နှင့်ထွင်းဆိုသလို အမြင်မတော်သောမြင်ကွင်းတစ်ခုက တွေရပါတော့သည်။ထိုအရာကတော့ အချို့သောလူများသည် မတ်တပ်ရပ်စောင့်ရသည်မှာ ကြာပြီးဖြစ်သောကြောင့် ထိုင်ချင်၍ အနီးအနားရှိ ထိုင်ခုံများတွင် ၀င်ထိုင်နေကြသည်ကို မလေးရှာ လ၀က ၀န်ထမ်းများက ရောက်ရှိလာပြီး ဤနေရာတွင်ထိုင်ခွင့်မရှိကြောင်း ထိုင်ချင်လျင် အောက်၌သာထိုင်ရမည်ဟု အော်ဟစ်ပြောဆို၍ မောင်းထုတ်ပါတော့သည်။ အောင်နိုင်သူစိတ်ထဲတွင် လွန်စွာခံပြင်းဒေါသဖြစ်သွားမိတော့သည်။ဤသို့ဆိုလျှင်ထိုထိုင်ခုံများကို ဘာကြောင့်ထားနေသေးလဲဟု မေးချင်လိုက်မိတော့သည်။သို့သော် အဖြေကကြာကြာမစောင့်လိုက်ရပါ။ သူတို့မလေးရှားနိုင်ငံသား သူဌေးနှင့် အေးဂျင့်ဆိုသူများဝင်ရောက်ထိုင်သောအခါမည်သို့မျှ ပြောဆိုခြင်းမပြုသည်ကိုတွေ့ရလေသည်။တချို့သော လူသစ်များထပ်ရောက်လာ၍ ဘုမသိ၊ဘမသိ ၀င်ရောက်ထိုင်မိလျှင်တော့ ချက်ချင်းရောက်လာပြီး ထုံးစံအတိုင်းအော်ဟစ်မောင်းထုတ်ပါတော့သည်။........ဆက်ရန်
ထိုနေရာသို့ရောက်ရှိလာ

No comments:

Post a Comment