Tuesday, September 7, 2010

. .

သူ့အလှည့်..ကိုယ့်အလှည့်ရှိတယ်ဆိုတာမမေ့ပါနဲ့

ဒီသတင်းကိုကြားကတည်းက အတော်လေးစိတ်မကောင်း ဖြစ်သွားတယ်။ စဉ်းစားရင်း၊စဉ်းစားရင်းနဲ့ စိတ်ထဲမှာ တလိပ်လိပ်နဲ့ကို ဒေါသဖြစ်လာမိတယ်။ မိဘဆရာတွေရဲ့သွန်သင်ဆုံးမမှူ့ကြောင့်........အောင်နိုင်သူမွေးကတည်းကအခုအရွယ်ထိဘယ်သူကိုမှ ရိုင်းရိုင်းဆိုင်းဆိုင်းမဆဲခဲ့ရပါဘူး။လူတိုင်းကိုရိုသေစွာနဲ့ဆက်ဆံခဲ့ပါတယ်။ဒါပေမယ့်ရိုသေထိုက်သူတွေထဲမှာ ဒီကောင်တွေကိုမထည့်ထားသင့်ဘူးဆိုတာ လယ်ပြင်မှာဆင်သွားသလို ရှင်းရှင်းလင်းလင်းသိရပါပြီး။ အခုတော့ (အားလုံးပဲ...ကန်တော့ပါရဲ့)ခွေးသားတွေ လွန်ကိုလွန်လွန်းတယ်။ဘယ်နှယ့်ဗျာ...ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်ရတယ်လို့။တကယ်တော့သူတို့ကို
ခွေးနဲ့တောင်မနှိုင်းယှဉ်ချင်ပါဘူး။ခွေးနဲ့နှိုင်းရင်တောင် ခွေးသိက္ခာကျလို့ပါ။မတတ်သာလို့နှိုင်းရတာပါ။ပြည်သူကမွေး၊ပြည်သူကကျွေးလို လူတလုံးသူတလုံးဖြစ်လာကြတာကိုမှ အားမနာ...လုပ်ရက်ကြပါပေတယ်။အခု ကိုအောင်သူဟိန်းနဲ့ ကိုစိုးပိုင်ဇော်တို့ မတရားအသတ်ခံရတာကို လူတိုင်းသိကြပါတယ်။အဲ့ဒါကိုတောင် သေနတ်ဝင်လုလို့ အခြေအနေအရ ပြန်ပစ်ရတာပါတဲ့။ကြည့်အုံး....ပြောတဲ့စကားအသွားအလာကိုက အထက်စီးပုံစံနဲ့။ပြည်သူတွေခဗျာလည်း အခြေအနေ အကြောင်းကြောင်းကြောင့် အားမတန်လို့မာန်လျော့နေရတယ်။ဘယ်သူကမှ မကျေနပ်ကြပါဘူး။အဲဒါကိုတော့မြဲမြဲမှတ်ထားကြပါ။လောကမှာဘယ်အရာမှ မူသေမရှိပါဘူး။အမြဲတမ်း မတည်မြဲပါဘူး။ တနေ့တော့ မင်းတို့တွေအလှည့်ပြန်ရောက်အုံးမယ်ဆိုတာတော့မမေ့ကြပါနဲ့။
(စစ်တပ်၏ မတရားပစ်သတ်မှူ့ကြောင့်သေဆုံးသွားသော ကိုအောင်သူဟိန်းနှင့်ကိုစိုးပိုင်ဇော် တို့ကောင်းရာသုဂတိလားပါစေ။.....အောင်နိုင်သူ)

1 comment:

Unknown said...

အေးကွာ ဒီကောင်တွေက သူတို့အလှဲ့မရောက်တော့ဘူးလို့ အမြဲထင်နေတာပေါ့ကွာ ဖက်ဆစ်က မွေးကမွေးထုပ်ထားတဲ့ စစ်တပ်ဆိုတော့ ဒီလောက်တော့ရှိမှာပါပဲ သေချာတာကတော့ အခုလိုလက်ရဲဇက်ရဲ သတ်ဖြတ်ရဲတဲ့စစ်သား အရေးယူမခံရတဲ့အပြင် ရာထူးတက်အုံးမယ် မယုံရင် စောင့်ကြည့် သူတို့က ဒီလိုမိုက်ရူးရဲကောင်တွေကို ရှာနေတာ

Post a Comment