Saturday, September 4, 2010

. .

ဘ၀အစ - အပိုင်း(၃)

အောင်နိုင်သူတို့ ၄ ယောက်သား သူဌေးနှင့် အေးဂျင့်ကောင်းမှူ့ကြောင့် လ၀က ၀န်ထမ်းများ၏ ပါးစပ်သေနတ် ရန်မှ
ကင်းဝေးရပါသည်။သူတို့ ၄ယောက်ဘေးနားတွင်နေပေး၍ လေဆိပ်တွင် အမြဲဖြစ်လေ့ဖြစ်ထားရှိသော အကြောင်းများကို ပြောပြပါသည်။တချို့ အလုပ်သမားများသည် သူဌေး နှင့် အေးဂျင့်မှလာမခေါ်၍ လေဆိပ်၌ပင် ညအိပ်ရပါသည်။အချို့မှာ ၁ ညလောက်မက အိပ်ရသလို၊အချို့မှာလည်း လ၀ကမှသတ်မှတ်ထားသော နေ့ရက်ထိတိုင်လာရောက်ခေါ်ယူကြခြင်းမရှိ၍ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံကြရသည်။ ထိုနေရာတွင်တစ်ခုပြောပြချင်သည်မှာ လေဆိပ်မှာညအိပ်ရ၍ ၀န်ဆောင်မှု့ပြည့်ဝစွာနှင့်အိပ်ရသည်ဟုမထင်လိုက်ပါနှင့်။လ၀ကကောင်တာ၎ခုဘေးတွင် အနည်းငယ်ကျယ်ဝန်းသော အခန်းငယ်တစ်ခုထဲ၌စောင်မပါ၊ခေါင်းအုံးမပါဘဲ ဗလာသက်သက်နှင့်အိပ်ရခြင်းဖြစ်ပါသည်။တချို့လည်း အပြင်ဖက်ကြမ်းပြင်ပေါ်တွင်ဖြစ်သလိုတစ်ဦးတည်းသော်လည်း၎င်း၊အုပ်စုဖွဲ့၍သော်၎င်း အိပ်ကြရသည်။(မှတ်ချက်။ ။ ယခုအခါ မလေးရှားသို့ လာရောက်အလုပ်လုပ်ကိုင်သော သူများကိုလက်ခံသည် လ၀က၀င်ခွင့်နေရာမှာ ထိုထက်ပို၍ ဆိုးရွားသောနေရာသို့ပြောင်းရွှေ၍ သွားပါသည်။)အောင်နိုင်သူတို့တွေ ကံကောင်းစွာဖြင့် ည ၇နာရီတွင် ...........ဆက်ရန်

No comments:

Post a Comment