Friday, December 3, 2010

. .

အမေရိကန်သံရုံးများမှ လျှို့ဝှက်မှတ်တမ်း ၂၅၀၀၀၀ ၀ီကီလိခ်ဝက်ဘ်ဆိုက် ထပ်မံဖွင့်ချခဲ့ခြင်းကြောင့် ကမ္ဘာ့သံတမန်ရေး အကျပ်အတည်းသို့ ဦးတည်လာ


အမေရိကန် သံရုံးများမှ လုံခြုံရေးအဆင့် သတ်မှတ်ထားသော လျှို့ဝှက်မှတ်တမ်း ၂၅၀၀၀၀ ခန့်ကို ၀ီကီလိခ်ဝက်ဘ်ဆိုက်က ဖော်ထုတ်ခဲ့ပြီးနောက်တွင် ကမ္ဘာ့သံတမန်ရေး အကျပ်အတည်းဆီသို့ ဦးတည်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အမေရိကန်၏ ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းမှု၊ နိုင်ငံရေးနှင့် စစ်ရေးမဟာဗျူဟာများပါ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။ အီရန်ကိုတိုက်ရန် ဆော်ဒီဘုရင် အပါအ၀င် အာရပ်ခေါင်းဆောင်ပိုင်းက အမေရိကန်အား တိုက်တွန်းခဲ့ခြင်းနှင့် မြောက်ကိုရီးယားအပေါ် တရုတ်ရပ်တည်မှု ပြောင်းလဲရန် ဆန္ဒရှိလာကြောင်း သတင်းများသည် အလှုပ်ခတ်ဆုံး ဖြစ်ခဲ့သည်။ ယင်းဖြစ်စဉ်နှစ်ခုသည်ပင် ကမ္ဘာကြီးကို လှုပ်ခတ်သွားစေနိုင်သည့်အပြင် ၀ါရှင်တန်၏ ထိလွယ်ရှလွယ်သော နိုင်ငံတကာ ဆက် ဆံရေး ကိစ္စရပ်များအပေါ်တွင်ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။

ဝီကီလိခ်သည် ရရှိခဲ့သည့် အချက်အလက်များကို အမေရိကန်မှ နယူးယောက်တိုင်းမ်၊ ဂျာမနီမှ ဒါစပီးဂယ်၊ ပြင်သစ်မှ လေမွန်းဒ်၊ စပိန်မှ အယ်လ်ပါစ် သတင်းစာများသို့ ဖြန့်ဝေပေးခဲ့ကာ နိုဝင်ဘာ ၂၉ ရက်တွင် တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ကြခြင်း ဖြစ် သည်။ ၀ီကီလိခ်ဝက်ဘ်ဆိုက်တွင်လည်း မှတ်တမ်း ၂၅၁၂၈၇ အနက် အချို့ကိုသာ ထုတ်ပြန်ထားသည်။


အမေရိကန်နှင့် တောင်ကိုရီးယား အရာရှိများသည် မြောက်ကိုရီးယားအစိုးရ ပြိုလဲပြီး ကိုရီးယားကျွန်းဆွယ် ပြန်လည် ပေါင်းစည်းရေးအတွက် တရုတ်ရပ်တည်ချက် ပြောင်းစေရန် ကြိုးပမ်းခဲ့ဖူးကြောင်း အထောက်အထားများတွင် ပါရှိခဲ့သည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားအပေါ် သည်းခံမှု ကုန်ဆုံးလာနေပြီး ဆိုးလ်အုပ်ချုပ်မှုဖြင့် ကိုရီးယား ပြန်လည်ပေါင်းစည်းရေးကို ယုံကြည်နေကြောင်း လျို့ဝှက်ချက်များ ဖွင့်ချ ဖော်ထုတ်သည့် ၀က်ဘ်ဆိုက် ၀ီကီလိခ်မှတစ်ဆင့် သတင်းစာများ က ဖော်ပြခဲ့ကြသည်။

တရုတ်ဒုတိယနိုင်ငံခြားရေး ၀န်ကြီးက မြောက်ကိုရီးယားသည် ''ကလေးဆိုးတစ်ယောက်''ကဲ့သို့ ပြုမူနေသည်ဟု ပြီးခဲ့သည့် ဧပြီလအတွင်းက ဒုံးကျည်စမ်းသပ်မှုများဖြင့်အမေ ရိကန်အာရုံစိုက်အောင်လုပ်ခဲ့သည် ကိုရည်ညွှန်းပြောကြားခဲ့ကြောင်း အမေရိကန်သံရုံးများမှမှတ်တမ်းများ ကို ၀ီကီလိခ်ဖွင့်ချမှုတွင်ပါရှိလာခဲ့ သည်။ဝန်ကြီးချုပ်ဝမ်ကျားပေါင်က နျူဖျက်သိမ်းရေးနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲအတွက် ပြုံယမ်းအထိ သွားပြီးညှိနှိုင်းခဲ့သော်လည်းမြောက် ကိုရီးယားက အမေရိကန်-မြောက် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးကိုပင် အသိမပေးလိုဘဲ တရုတ်ကိုကျော်ပြီး အမေရိကန်နှင့်ကစားလိုသည့်သဘော ပြခဲ့ကြောင်းတရုတ်ဒုတိယနိုင်ငံခြားရေး ၀န်ကြီးဟီယာဖေးက ပြောကြားခဲ့သည်ဟူသော မှတ်တမ်းပါရှိခဲ့သည်။

ယီမင်တွင် အယ်လ်ကေးဒါး တို့ကို အမေရိကန်က ဗုံးကြဲမှုနှင့် ပတ်သက်ပြီး သမ္မတ အဗ္ဗဒူလာဆာလက် က ''ကျွန်တော်တို့ဘာသာ ကြဲတဲ့ဗုံးတွေ၊ခင်ဗျားတို့ လက်ချက်မဟုတ်ဘူးလို့ ဆက်ပြောပေးမယ်'' ဟု အမေရိကန် ဗိုလ်ချုပ်ကြီး ပီးထရော့ကို ပြောကြားခဲ့မှုလည်း ပေါက်ကြားခဲ့သည်။

အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီသည် ကင်ဆာရောဂါ ဆိုးဆိုးရွားရွား ဖြစ်လာပြီး မကြာမီ သေဆုံးတော့မည် ဆိုသော မှတ်တမ်းလည်း ပါရှိလာသည်။အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များ ဖမ်းပေးခဲ့သည့် မူးယစ်ကုန်ကူးသူ များနှင့် ရာဇ၀တ်သားများကို သမ္မတ ကာဇိုင်းက လွှတ်ပေးခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့သည်။

ပေါက်ကြားမှုများကို အမေရိကန်နှင့် နိုင်ငံတကာ အစိုးရများက ဝေဖန်ခဲ့ကြပြီး တာဝန်ယူမှု မရှိသည့် ဖွင့်ချမှုဟု ဝေဖန်ခဲ့ကြသည်။သို့ရာတွင် မှားယွင်းသည်ဟုကား အခိုင်အမာငြင်းပယ်နိုင်ခဲ့ကြခြင်း မရှိပေ။

source: E11

ကျေးဇူးတင်ပါသည် .. ။ ဤမျှသာ...

0 comments

No comments:

Post a Comment