Friday, December 3, 2010

. .

“ဝီကီလိခ်” တည်ထောင်သူကို အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်း ထုတ်ပြီ

“ဝီကီလိခ်” အင်တာနက် ဝက်ဘ်ဆိုက်ကို တည်ထောင်သူ ဂျူလီယန်အက်ဆန်းသည် ဆွီဒင်နိုင်ငံ၏ တည်ဆဲ ဥပဒေများကို ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားသဖြင့် ယင်းကို ဖမ်းဆီးနိုင်ရန် ဆွီဒင်နိုင်ငံ တရားစွဲဆိုရေး ဌာနက အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်း ထုတ်ပြန် ခဲ့သည်။ မစ္စတာအက်ဆန်းသည် အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများ ဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ ထိတ်တန်း လျှို့ဝှက်ချက် များကို သူ၏ “ဝီကီလိခ်” ဝက်ဘ်ဆိုက်တွင် တင်လွှင့်ခဲ့ပြီး၊ ယင်း သတင်း အချက်အလက် များကြောင့် လူ့အခွင့်အရေး ဆိုင်ရာ အငြင်းပွားဖွယ် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် မစ္စတာအက်ဆန်းသည် ပြီးခဲ့သည့် သြဂုတ်လ အတွင်းက သူ့ဝက်ဘ်ဆိုက် တင်လွှင့်ထားရာ အင်တာနက် ကွန်ပျူတာ ဆာဗာ တည်ရှိသည့် ဆွီဒင် နိုင်ငံသို့ ရောက်လာစဉ် ကလည်း အမျိုးသမီး နှစ်ဦးကို အလိုမတူပဲ အနိုင် ကျင့်ခဲ့ကြောင်း သိရသည်။ မစ္စတာ အက်ဆန်းသည် သြစတြေးလျ နိုင်ငံသား နာမည်ကျော် ကွန်ပျူတာ ဟက်ကာ တစ်ဦး ဖြစ်ပြီး ယခု ဝက်ဘ်ဆိုက်ကို ၂ဝဝ၆ ခုနှစ်ကတည်းကပင် စတင် တည်ထောင်ခဲ့သည်။ ယင်းဝက်ဘ်ဆိုက်ဝယ် နိုင်ငံတကာ အစိုးရအဖွဲ့များ၏ ထိပ်တန်း လျှို့ဝှက်ချက်များကိုသာ တင်လွှင့် ထားလေ့ ရှိရာ နိုင်ငံတကာ အစိုးရ အချင်းချင်း အငြင်းပွားဖွယ် ကိစ္စများ ပေါ်ပေါက်စေရန် မီးမွှေးပေးသည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်နေလျက် ရှိသည်။ PN-666 Ref: Warrant for WikiLeaks founder condemned

0 comments

No comments:

Post a Comment