Wednesday, May 19, 2010

. .

လူသားတို့၏ သမိုင်းဝင်မှတ်တိုင်(သို့)မဟာတံတိုင်းကြီး




တရုတ်ပြည်သူတို့ရဲ့ အသက်သွေး၊ချွေး၊ဇွဲတို့နဲ့တည်ဆောက်ခဲ့တဲ့ မဟာတံတိုင်းကြီးဟာ တရုတ်နိုင်ငံမြောက်ပိုင်းမှာ တည်ရှိပါတယ်။တရုတ်လူမျိုးတွေအတွက်တော့အမြဲတမ်းဂုဏ်ယူရတဲ့ သူတို့နိုင်ငံရဲ့ရှေ့ဟောင်း အမွေအနှစ်တစ်ခုပေါ့။ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူတွေကို ခုခံတားဆီးနိုင်ဖို့အတွက် ဘီစီ၅ရာစုကနေ အေဒီ ၁၆ရာစုအထိ တဖြည်းဖြည်းတည်ဆောက်ပြုပြင်လာခဲ့တာပါ။အကြီးကျယ်ဆုံး၊ခန်းနားမှုအရှိဆုံးနဲ့ သမိုင်းတွင်အောင်လုပ်ဆောင်ခဲ့သူကတော့ဘီစီ၂၀၀ခန့်က တရုတ်ပြည်ကိုအုပ်ချူပ်ခဲ့တဲ့ ဧကရာဇ်ဘုရင် ရှီဟွမ်တီ ပဲဖြစ်ပါတယ်။ကဲ...မဟာတံတိုင်းကြီးရဲ့လှပတဲ့အပိုင်းတော့မြင်ပြီးပြီး။အောက်ကပုံလေးတွေကိုဆက်ပြီးကြည်လိုက်ပါအုံး။




အခုဆိုမဟာတံတိုင်းကြီးရဲ့ တချို့သော နေရာတွေဟာ အတော်လေးပျက်စီးနေပါတယ်။
လူ့သမိုင်းတလျောက်မှာ ခန်းနားကြီးကျယ်လှတဲ့သမိုင်းဝင်မှတ်တိုင် ဖြစ်တဲ့အတွက်၊ပျက်စီးယိုယွင်းပျောက်ကွယ်မသွား ကာကွယ်ဖို့ဟာ တရုတ်လူမျိုးတင်မဟုတ် ကျွန်တော်တို့လူသားအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။

No comments:

Post a Comment