Tuesday, January 4, 2011

. .

မလေးရှားရောက် မြန်မာလူမျိုးများ သတိပြုကြပါရန်

မလေးရှားနိုင်ငံရှိ KL နှင့် တခြားထင်ရှားသောမြို့များတွင် ကြော်ငြာစာရွက်များ လိုက်လံကပ်လျက်ရှိနေပါသည်။

ကြော်ငြာပါ အကြောင်းအရာများမှာ-
မလေးရှားနိုင်ငံရှိ လက်ရှိအစိုးရဖြစ်သော BN (Barisan Nasional) မှ မြန်မာလူမျိုး ၃၀၀၀ အား မလေးရှားနိုင်ငံသား ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆာဘားကျွန်း၌ သွားရောက်နေထိုင်ရမည်ဖြစ်ကြောင်းပါရှိသည်။ ထို့ပြင် ယုံကြည်လောက်အောင် လူဝင်မှုကြီးကြပ်ရေးနှင့် ဘာညာသာရကာများ ရေးသားထားပါသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ်တွင် မြန်မာလူမျိုးတဦးနှင့် တခြားမည်သည့်လူမျိုးဟု မသိရသောလူတဦး၏ ဖုန်းနံပါတ်ကို ရေးထားပေးပါသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ မလေးရှားရဲအရာရှိက ပြောကြားသည်မှာ- ၄င်းကိစ္စသည် လိမ်လည်မှုတခုသာဖြစ်ကြောင်း၊ မလေးရှားအစိုးရမှ ထိုလုပ်ရပ်ကိုလိုက်လံစုံစမ်းလျက်ရှိကြောင်း၊ ထိုလုပ်ရပ်တွင် မြန်မာလူမျိုးနှင့် မြန်မာအဖွဲ့အစည်းများ ပါဝင်ပတ်သတ်မှုရှိသည်ဟု သံသယရှိကြောင်း၊ ထိုပါဝင်ပတ်သတ်နေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထိုကြောင့် မြန်မာလူမျိုးများအနေနှင့် မလေးရှားနိုင်ငံသားကဒ် (IC) ရနိုင်သည်ဟု အထင်ရောက်ပြီး လိမ်လည်မှုမခံရစေရန် သတိပေးအပ်ပါသည်။

မောင်ပါလ

No comments:

Post a Comment